Topup Code တွေ

ဘယ်လိုသုံးမလဲ

App ကို ထည့်သွင်းပြီး အကောင့်မရှိသေးလျှင် ဖွင့်ပါ။ App အတွင်းဝင်ရောက်ပြီးသည်နှင့် ညာဖက်အပေါ်ဒေါင့်က ဒိုဘီကို Menu ကို နှိပ်ပြီးဖွင့်လိုက်ပါ။ မိမိနာမည် Profile Button ကိုနှိပ်လိုက်ပါ။ Profile ပွင့်လာလျှင် Topup Button ကို နှိပ်ပြီး မိမိ ရရှိထားသော Topup Code ကို ထည့်သွင်းနိုင်ပါပြီ။ Topup Code ၏ တန်ဖိုးအလိုက် မိမိအကောင့်တွင် Dhobi Point များ ရရှိလာမည် ဖြစ်သည်။

Image placeholder
Image placeholder
Image placeholder
ဒိုဘီမှတ်များ

Dhobi Points

ဒိုဘီကို အဝတ်လျှော်ဝန်ဆောင်မှုကို အသုံးပြုရာတွင် ငွေပေးချေမှု ပြုလုပ်နိုင်သော ကြိုတင်ပေးသွင်းထားသည့် အမှတ်များ ဖြစ်သည်။ ဒိုဘီ တစ်မှတ်သည် မြန်မာငွေ တစ်ကျပ် နှင့်ညီမျှသည်။ ဒိုဘီမှတ်များကို dhobi.co မှ အခါအားလျော်စွာ အခမဲ့ ထည့်သွင်းပေးသည့် Bonus အနေဖြင့်သော်လည်းကောင်း ငွေကြိုတင်ပေးသွင်း၍ ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း ရရှိနိုင်သည်။ ဥပမာ - သင့်တွင် ဒိုဘီမှတ် ၂၀၀၀ ရှိနေသည်။ ဝန်ဆောင်ခ ငွေရှင်းသည့်အခါ ၆၀၀၀ ကျပ် ကျသင့်ပါက ဒိုဘီမှတ် ၂၀၀၀ ထည့်သွင်းပေးချေပါက ငွေသားအနေဖြင့် ၄၀၀၀ ကျပ်သာ ပေးရန်လိုပါသည်။