Terms of Service

ဒိုဘီကိုမှ လက်ရှိ သတ်မှတ်ထားသော ဝန်ဆောင်မူ အချက်အလက်များသည် အချိန်အခါ နှင့် အခြေအနေအပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲသည့် အခါများတွင်လဲ လူကြီးမင်းတို့ဆီသို့ မက်ဆေ့ချ် သို့မဟုတ် Email ဖြင့် အကြောင်းကြား အသိပေးသွားမည်ဖြစ်ပါသည်။ ဝန်ဆောင်မူ အချက်အလက်များအား သေချာစွာ နားလည်ဖတ်ရူပြီးမှသာဝန်ဆောင်မူအား အသုံးပြုရန် အကြံပြုလိုပါသည်။ ဝန်ဆောင်မူအတွက် လူကြီးမင်းမှ အကူအညီလိုအပ်လာပါက ကျွန်ုပ်တို့၏ dhobi.co Facebook Page Messenger သို့မဟုတ် ဖုန်းနံပါတ် 09-952041188 သို့ ဆက်သွယ်နိုင်ပါသည်။

အပို့အယူဝန်ဆောင်မူ

အပို့အယူဝန်ဆောင်မူအတွက် လူကြီးမင်းအော်ဒါမှာယူပြီုးတနာရီအတွင်း အပို့အယူဝန်ထမ်းမှ ရောက်ရှိလာမှာ ဖြစ်ပြီး အဝတ်အထည် အမျိုးအစား ၊ လူကြီးမင်းအမည်၊ ရက်စွဲ နှင့် စုစုပေါင်းအထည်အရေအတွက်တို့ကို မှတ်သားပြီး လက်ခံရရှိကြောင်းပြေစာကို ပေးအပ်မည်ဖြစ်ပါသည်။ ပြန်လည်ပေးပို့မည့်အချိန်မှာ လူကြီးမင်းအော်ဒါမှာယူချိန်မှ ၄၈ နာရီအတွင်း ပုံမှန်အခြေအနေတွင် ပြန်လည်ပေးပို့ပေးနိုင်မည်ဖြစ်ပါသည်။ လူကြီးမင်း သိရှိလိုက်နာ ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ အပို့အယူ ဝန်ထမ်း လာပို့စဉ်တွင် မိမိတို့၏အဝတ်အထည်များကို သေချာစွာ စစ်ဆေးလက်ခံပြီး မှန်ကန်ကြောင်း လက်မှတ် ပြန်လည်ထိုးပေးရန် လိုအပ်ပါသည်။ လူကြီးမင်း၏ အဝတ်အထည်များအား ဒိုဘီကိုမှ ပုံမှန် ၂ ရက် အကြာမှာပြန်ပို့ပေးမှာ ဖြစ်ပြီး ပြန်လာပို့မည့်ရက် အချိန် မတိုင်ခင်မှာ ဖုန်းဆက်၍ အသိပေးအကြောင်းကြားမှာဖြစ်ပါသည်။ ဒိုဘီကိုမှ ဆက်သွယ်၍ ပြန်လာပို့ပေးရန် အကြောင်းကြားသော်လည်း ၇ ရက် ကျော်လွန်သည်အထိ လက်ခံရန် ပျက်ကွက်ပါက အဝတ်အထည်များ နှင့် ပတ်သက်သော ပြဿနာများကို ဒိုဘီကို တာဝန်ယူပေးမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ဝန်ဆောင်မှု စံနှုန်းများ

ဒိုဘီကို မှ အဝတ်လျှော်ဖွပ်သန့်စင်ခြင်းနှင့် မီးပူတိုက် ဝန်ဆာင်မှုများကို အရည်အသွေးမှီ သန့်ပြန့်ကောင်းမွန်အောင် အထူးဂရုတစိုက် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဒိုဘီကိုမှ ဝန်ဆောင်မှုမပေးနိုင်သည့် အဝတ်အထည်များ ဖြစ်ပါက ငြင်းပယ်ခွင့် ရှိပါသည်။ အစွန်းအထည်များကိုလဲ ချွတ်ပေးနိုင်ရန် ဒိုဘီကို မှ တာဝန်ယူ အာမခံပေးမည်မဟုတ်ပါ။ လူကြီးမင်းတို့၏ အဝတ်အထည်များ အတွင်း ပါလာသော ပိုက်ဆံ၊ ရတနာပစ္စည်းများနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံး ပျက်စီးသွားပါက ဒိုဘီကိုမှ တာဝန်ယူပေးမည်မဟုတ်ကြောင်း သိရှိနားလည်ထားရပါမည်။

အော်ဒါပယ်ဖျက်ခြင်းနှင့် အော်ဒါအချိန် ပြင်ဆင်ခြင်း

လူကြီးမင်းမှာယူထားသော အော်ဒါများအား ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်း ပြုလုပ်လိုပါက လူကြီးမင်း မှာယူထားသော အချိန်တစ်နာရီ ထက်နောက်မကျဘဲ အခမဲ့ ပယ်ဖျက် ပြင်ဆင်နိုင်ပါသည်။

ပျောက်ဆုံး ပျက်စီးခြင်း

လျှော်ဖွပ်သည့်အဝတ်အထည် တစ်စုံတစ်ခု ပျောက်ဆုံးပျက်စီးခြင်း ဖြစ်ပေါ်ပါက ကျွန်ုပ်တို့မှ အဝတ်၏ မူရင်းတန်ဖိုးပေါ်မူတည်၍ ကာယကံရှင်နှင့် ညှိနှိုင်းကာ အဆင်ပြေအောင် ဖြေရှင်းပေးမည် ဖြစ်ပါသည်။

ဆုကြေးရမှတ်များ - Reward Points

လူကြီးမင်း၏ အော်ဒါ မှာယူခြင်းမှ မြန်မာငွေ ၁၀ဝကျပ်သည် ဆုကြေးအမှတ် ၃ မှတ် နှင့် ညီမျှပါသည်။ ဆုကြေးအမှတ်မှ ဒိုဘီအမှတ်သို့လဲ ပြောင်းလဲနိုင်ပြီး Laundry Service အတွက် ပြန်လည်အသုံးပြုနိုင်သည်။ ဆုကြေးအမှတ်သည် ငွေသားဖြင့် လဲလှယ်ခြင်း ပြုလုပ်မရနိုင်ပါ။ အခြေအနေပေါ်မူတည်၍ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ကျွန်ုပ်တို့ဘက်မှ ပြောင်းလဲသတ်မှတ်နိုင်ပါသည်။

ဒိုဘီမှတ်များ - Dhobi Points

ဒိုဘီကို အဝတ်လျှော်ဝန်ဆောင်မှုကို အသုံးပြုရာတွင် ငွေပေးချေမှု ပြုလုပ်နိုင်သော ကြိုတင်ပေးသွင်းထားသည့် အမှတ်များ ဖြစ်သည်။ ဒိုဘီ တစ်မှတ်သည် မြန်မာငွေ တစ်ကျပ် နှင့်ညီမျှသည်။ ဒိုဘီမှတ်များကို dhobi.co မှ အခါအားလျော်စွာ အခမဲ့ ထည့်သွင်းပေးသည့် Bonus အနေဖြင့်သော်လည်းကောင်း ငွေကြိုတင်ပေးသွင်း၍ ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း ရရှိနိုင်သည်။ ဥပမာ - သင့်တွင် ဒိုဘီမှတ် ၂၀၀၀ ရှိနေသည်။ ဝန်ဆောင်ခ ငွေရှင်းသည့်အခါ ၆၀၀၀ ကျပ် ကျသင့်ပါက ဒိုဘီမှတ် ၂၀၀၀ ထည့်သွင်းပေးချေပါက ငွေသားအနေဖြင့် ၄၀၀၀ ကျပ်သာ ပေးရန်လိုပါသည်။